Blogger Widgets
Post အသစ်တင်သမျှကို Andriod Phone မှဖတ်လိုလျှင် အပေါ်ဆုံးက APK ကို ဒေါင်းပါ။(AMT GROUP)

(Follower)

Flag Counter

မိတ်ကပ်နှင့် အလှကုန်ပစ္စည်းများ သတိပြုသုံးစွဲသင့်











မိန်းကလေးများ အနေနှင့် မိတ်ကပ်နှင့် အခြားအလှကုန် ပစ္စည်းများ အသုံးပြုနေမှုသည် ကိုယ့်ကိုယ်ကို လုပ်ကြံနေမှု တစ်ခုဖြစ်ကြောင်း သုတေသီ တစ်ဦးက ကြေညာခဲ့သည်။ Toxic Beautyဆိုသော စာအုပ်ကို ရေးသားခဲ့သည့် ဆေးပညာဂျာနယ်လစ် ဒေါင်န်မဲလိုရှစ်ပ်က အဆိုပါ အကြောင်းအရာ အသေးစိတ်ကို သူမ၏ စာအုပ်အတွင်း ထည့်သွင်းဖော်ပြ ထားသည်။ ဗြိတိန်ရှိ အမျိုးသမီးများသည် အလှကုန်များ ၀ယ်ယူရန် အတွက် တစ်နှစ်လျင် ပေါင်စတာလင် (၆.၅)ဘီလျံထိ အသုံးပြုနေပြီး ထိုအခြေအနေသည် အဆိပ်ကို စလင်းဘတ်ထဲ ထည့်ထားခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း မဲလိုရှစ်ပ်ကဆိုသည်။

သူမ၏ စာအုပ်အတွင်း အလှကုန် အမျိုးအစားအလိုက် ခန္ဓာကိုယ် အတွက် အဆိပ်အတောက် ဖြစ်စေမှုကို အသေးစိတ် ဖော်ပြထား ကြောင်း သိရှိရသည်။ ဥပမာအားဖြင့် ဆံပင်အခြောက်ခံ စက်၏ လေမှုတ်အားသည် ပြင်ပမှ ရောဂါပိုးများနှင့် မလိုလားအပ်သော အရာများကို နူးညံ့သော ဦးရေပြားအား ဖောက်ထွင်း ဖြတ်သန်းပြီး အတွင်းသို့ ၀င်ရောက်စေနိုင်ကြောင်း မဲလိုရှစ်ပ်ကဆိုသည်။ ထို့အပြင် ဗြိတိန်နှင့် အမေရိကန်တွင် အသုံးများသော ဆံပင်ဆိုးဆေးများ၊ ဂျာမနီ၊ ပြင်သစ်နှင့် ဆွီဒင်တို့တွင် နာမည်ကြီးနေသော ဆံပင်ဆိုးဆေး အချို့တို့သည် ကျန်းမာရေးကို ထိခိုက်နိုင်စေသည့် ဓာတုဗေဒ ပစ္စည်း များ အများအပြား အသုံးပြုထားကြောင်း Toxic Beautyတွင် ရေးသားထားသည်။ ဥပမာအားဖြင့် PPDခေါ် အရာတစ်မျိုးသည် ဆိုးဆေးများတွင် ပါဝင်လေ့ရှိပြီး ၎င်းကြောင့် ဦးခေါင်းရှေ့ဘက်နှင့် နားတို့တွင် ကိုက်ခဲနာကျင်မှုများ ဖြစ်စေတတ်ကြောင်း သိရသည်။ ထို့အပြင် အလှကုန်များ အသုံးပြုခြင်းကြောင့် ဓာတ်မတည့် ယားယံခြင်း ခံစားနေရသူဦးရေမှာ ယခင်နှစ်များက နှစ်ဆကျော်အထိ တိုးမြင့်လာကြောင်းလည်း စာအုပ်တွင် ထောက်ပြဆွေးနွေးထားသည်။ ထို့အတူ မိတ်ကပ်နှင့် အခြားသော အလှပြင် အသုံးအဆောင်များတွင် လည်း အရေပြားကို သက်ရောက်မှုများ ဖြစ်စေတတ်ပြီး ကင်ဆာ ရောဂါအထိ ဆိုးကျိုးများ ဖြစ်ပွားစေရန် ဦးတည်သွားလေ့ရှိကြောင်း သိရှိရသည်။


 ရဲထက်လင်း






Face Book မှာ Sign in အရင်ဝင်ပါ။(Comment ပေးခြင်းဖြင့် ကူညီပါ။)