Blogger Widgets
Post အသစ်တင်သမျှကို Andriod Phone မှဖတ်လိုလျှင် အပေါ်ဆုံးက APK ကို ဒေါင်းပါ။(AMT GROUP)

(Follower)

Flag Counter

မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့






မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့

မိုဘိုင်းဖုန်းနှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာ အချို့ကို စုစည်း ဖော်ပြလိုက် ရပါတယ်။
၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာ ဖုန်းအမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည် ပေးထားပါတယ်။

၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့ စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ
ဖြစ်ပါတယ်။

၃။ ယနေ့ မိုဘိုင်းဖုန်း အရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော် ရှိပါတယ်။

၎။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မိုဘိုင်းဖုန်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်ပြည်မှ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

၅။ နေ့စဉ် တစ်မိနစ်ကို မိုဘိုင်းဖုန်း အလုံး ၁ ထောင် (Activated) တိုးပွားလျက် ရှိပါတယ်။

၆။ ၃ ပုံပုံ ၂ ပုံသော မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်ဟာ ဖုန်းက မီးအလင်းရောင်ကို အမှောင်မှာ ဓာတ်မီး အနေနဲ့ အသုံးပြုတတ် ကြပါတယ်။

၇။ မိုဘိုင်း ဖုန်းဆိုတာ ပြန်လည်အသုံးပြု (Re-cycle)လုပ်လို့ရတယ်ဆိုတာ အမေရိကန် မှာတောင် အသုံးပြုသူ ၂.၃ ရာခိုင်နှုန်း မျှသော လူဦးရေသာ သိရှိပြီး ပြုလုပ်ကြပါတယ်။

၈။ မိုဘိုင်းဖုန်းကို ညာဘက်နားနဲ့ အသုံးပြုရင် ဦးနှောက်ထဲ ရေဒီယိုလိုင်း တိုက်ရိုက် လွမ်းမိုးနိုင်တဲ့ အတွက် ဘယ်ဘက် နားဖြင့်သာ အသုံးပြုသင့်တယ်လို့ Apollo Medical Team က သက်သေ ပြထားပါတယ်။

၉။ ကမ္ဘာ့ အရောင်းရဆုံး ဖုန်းကတော့ Nokia မှထုတ်တဲ့ Nokia 110 ဖြစ်ပြီး အလုံးရေ သန်း ၂၅၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

၁၀။ Appleရဲ့ iPhoneတစ်လုံး လုပ်ဆောင်ချက်ဟာ ၁၉၆၅ ခုနှစ်က မြောက်အမေရိက လေတပ်မှာ အသုံးပြု တဲ့ စက်များအားလုံးရဲ့ လုပ်ဆောင်ချက် များထက် ပိုမိုစွမ်းရည် မြင့်မားပါတယ်။

၁၁။ Nokia ဖုန်းမှာ ဘက်ထရီ ကုန်သွားပြီး အရေးတကြီး ဆက်ဖို့ လိုအပ်မယ်ဆိုရင် *3370# ကိုနှိပ်ပါက ဘက်ထရီ အားပြန် ပြည့်ပါတယ်။

၁၂။ နံပါတ် 112ကတော့ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ နံပါတ် ၁၁၂ ကို နှိပ်လိုက်ရင် သူ့နေရာ ဒေသအ လိုက် အရေးကြီး ဖုန်းနံပါတ် များကို Operator မှ ဖြေကြားပေးမှာ ဖြစ်ပါတယ်။

ဖုန်းထဲမှာ ပိုက်ဆံ မကျန်တော့ ရင်တောင် ယင်းနံပါတ်ကို နှိပ်နိုင်တယ်လို့

ဆိုပါတယ်။ မြန်မာပြည်တွင် ၁၁၂ ကို ခေါ်ပါက Emergency Number

ဟုပေါ်လာပြီး ရဲစခန်း ဖုန်းနံပါတ်၊ မီးသတ် ဖုန်းနံပါတ်၊ အရေးပေါ် လူနာတင်

ယာဉ် ဖုန်းနံပါတ် အစရှိ သဖြင့် ဖြေကြား ပေးသွားမှာ ဖြစ်ပါတယ်။

မူရင်းကြိုးစားသူ.....

The Myanmar Entertainment Time

https://www.facebook.com/ArkarsuekiGroup





nai nai
Face Book မှာ Sign in အရင်ဝင်ပါ။(Comment ပေးခြင်းဖြင့် ကူညီပါ။)